FAQ

Join

Courses

About Us

Explore

GYS for Business

FREQUENTLY
ASKED

သိလိုသမျှ မေးခွန်းများနှင့် အဖြေများ

GYS Online Classes မှ သင်တန်းစတင်ဖို့ သိထားသင့်သည့် အရာအားလုံးကို ဤနေရာတွင် ဖြေဆိုထားပါသည်။

What courses are available and how much do they cost? ဘာ courses တွေ ရနိုင်သလဲ? ဈေးနှုန်း ဘယ်လောက်လဲ?
expand_more

GYS မှာ ဘာသာစကား ၆ မျိုး၊ Level အမျိုးမျိုးဖြင့် သင်ကြားပေးပါသည်။ သင်တန်းကြေးမှာ Level နှင့် ဘာသာစကားပေါ်မူတည်ပြီး 19,000 မှ 99,000 ကျပ် အတွင်း ကျသင့်ပါသည်။

CourseMMK
English Language19,000 – 69,000
Thai Language Lv.1 – Lv.530,000 – 99,000
Chinese Language Lv.1 – Lv.1230,000 – 99,000
Korean Language Lv.1 – Lv.430,000 – 99,000
Japanese Basic / N5 / N430,000 – 99,000
One-to-One — USD 100 ဝန်းကျင်မှ · Corporate Training — USD 500 ဝန်းကျင်မှ

ဈေးနှုန်းများသည် Level နှင့် ဘာသာစကားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။

How long does a course take to complete? သင်တန်းကြာချိန် ဘယ်လောက်လဲ?
expand_more

သင်တန်းကြာချိန်သည် ခန့်မှန်းခြေ ၁၀ ရက်မှ ၃ လ အတွင်း ဖြစ်ပါသည်။ ကိုယ်လေ့လာနိုင်သော အချိန်နှင့် မှတ်နိုင်စွမ်းအပေါ်မူတည်ပြီး တစ်ဦးနှင့် တစ်ဦး မတူနိုင်ပါဘူး — မိမိနှုန်းနှင့် မိမိ တတ်မြောက်နိုင်ပါသည်။

ကိုယ်လေ့လာနိုင်တဲ့ အချိန်နှင့် မှတ်နိုင်စွမ်းရည်ပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပြီးမြောက်တဲ့အချိန် မတူနိုင်ပါဘူး။

Do I get a certificate after completing a course? Certificate ပေးသလား?
expand_more

ပေးပါသည်။ Level တစ်ခုပြီးဆုံးသည်နှင့် GYS အသိမှတ်ပြု သင်တန်းဆင်းလက်မှတ် ထုတ်ပေးပါသည်။ လိုအပ်သော အချက်အလက်များ ပေးပို့ပြီးသည်နှင့် Messenger နှင့် GYS Application/Website မှတဆင့် တိုက်ရိုက် ပေးပို့ပေးပါမည် — လာရောက်ယူစရာ မလိုပါဘူး။ လုပ်ငန်းခွင်ဝင်ဖို့ အလုပ်လျှောက်ရာတွင် Certificate ကို အထောက်အထားအဖြစ် အသုံးပြုနိုင်ပါသည်။

How do I enroll? What's the process? စာရင်းသွင်းနည်း — အဆင့်ဆင့်
expand_more
1
Course ရွေးချယ်ပြီး သင်တန်းကြေး ပေးသွင်းပါ
2
Enrollment Form ကို လိုအပ်သော အချက်အလက်များဖြင့် ဖြည့်စွက်ပေးပါ
3
Student ID ရရှိမည် — Screenshot ရိုက်ပြီး မှတ်သားထားပါ
4
Student ID ထဲပါသော Username နှင့် Password ဖြင့် Login ဝင်ရောက်ပါ

Student ID ကို Certificate ထုတ်ရာတွင်နှင့် နောက် Level တက်တဲ့ အခါ ပြန်လိုအပ်ပါမည်။

What payment methods are accepted? Payment method ဘာတွေ accept လုပ်သလဲ?
expand_more

မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ payment နှစ်မျိုးလုံး လက်ခံပါသည်။

KBZ Bank AYA Bank CB Bank YOMA Bank KBZ Pay AYA Pay Wave Pay International
Where can I access my classes? ဘယ် Platform ကနေ access ယူလို့ ရသလဲ?
expand_more

သင်တန်းများကို Platform နှစ်ခုမှ ကြည့်ရှုနိုင်ပြီး မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။ မြန်မာပြည်မှ VPN မသုံးဘဲ တိုက်ရိုက် access ယူနိုင်ပါသည်။

groups Facebook Group
ပုဂ္ဂလိက ဗီဒီယိုသင်ခန်းစာ
ဆရာနှင့် တစ်ဦးချင်း chat
အိမ်စာစစ်ဆေးပေးခြင်း
devices Website / App
ဗီဒီယိုကြည့်ရှုခြင်း
ဆရာနှင့် တိုက်ရိုက် chat
Quiz နှင့် Test
Recording ပြန်ကြည့်ခြင်း
Certificate ထုတ်ယူခြင်း

GYS class များသည် Recorded video ပုံစံဖြစ်ပြီး မိမိအချိန်နှင့် လေ့လာနိုင်ပါသည်။ Speaking skill တိုးတက်ဖို့အတွက် Telegram Community Group နှင့် Weekly Online Meeting တို့ကို စီစဉ်ပေးပါသည်။

Can I study 24/7 and rewatch recordings? အချိန်မရွေး လေ့လာနိုင်ပါသလား? Recording ပြန်ကြည့်လို့ ရသလား?
expand_more

ဟုတ်ကဲ့၊ GYS ကို မိမိနှုန်းနှင့် လေ့လာနိုင်အောင် ဒီဇိုင်းထုတ်ထားပါသည်။ သင်ခန်းစာများ၊ ပစ္စည်းများနှင့် Quiz တို့ကို မည်သည့်အချိန်၊ မည်သည့် device မှမဆို access ယူနိုင်ပါသည်။ Recording များသည် လများကြာပြီးနောက်မှ ပြန်ကြည့်ရှုနိုင်ပါသည် — ၁၀ လကြာပြီးနောက် မေ့သွားလျှင်ပင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

Who is GYS suitable for? ဘယ်သူတွေ တက်သင့်သလဲ?
expand_more

GYS ကို အသက်အရွယ်မရွေး၊ အခြေခံမရှိသူများပါ တက်ရောက်နိုင်ပါသည်။ အထူးသင့်တော်သူများမှာ —

ပြည်ပအလုပ် (ထိုင်း၊ ဂျပန်၊ ကိုရီးယား) သွားရောက်ဖို့ ဘာသာစကား အခြေခံကနေ သင်ယူလိုသူများ
ဘာသာစကား နားလည်သော်လည်း ပြောဆိုရန် မတတ်မြောက်သေးသူများ
အလုပ်တစ်ဖက်တွင် ကိုယ်အဆင်ပြေသော အချိန်ဖြင့် လေ့လာလိုသူများ
Who are the instructors? ဆရာ/ဆရာမ တွေ ဘယ်သူတွေလဲ?
expand_more

GYS ဆရာ/ဆရာမ အားလုံးသည် စစ်မှန်သော ပညာရေးအရည်အချင်းများနှင့် သင်ကြားမှု အတွေ့အကြုံများ ရှိပါသည်။

Tr. Ivy
English
TOEIC 840 · Level 7 Diploma TESOL · Cambridge TKT Band 3,3,3 · ELT/ESL သင်ကြား ၈ နှစ်ကျော်
Tr. Shoon Yamone Oo
EnglishFrench
B.A. French (YUFL) · ၆ နှစ်ကျော် · GYS Assistant Academic Manager
Tr. Hsu Thiri Naing
Thai
B.A. ထိုင်းဘာသာ (YUFL) · Naresuan University Thailand · GYS ထိုင်းဆရာမ (၂၀၂၀ မှ ယနေ့ထိ)
Tr. Thawdar Shumn Lai
Korean
B.A. ကိုရီးယား (YUFL) · TOPIK Level 6 · သင်ကြား ၇ နှစ် · GYS Korean Lead Teacher
Tr. Sang Khay
Chinese
Guo Bang Chinese School ဘွဲ့ · Level 1–12 တရုတ်ဘာသာ · GYS Chinese Instructor
Tr. Pyae Phyoe Win
Japanese
JLPT N3 · B.E. Mechanical · ဂျပန်တွင် ၂ နှစ် အလုပ်အတွေ့အကြုံ · GYS Japanese Lead Teacher
Zero beginner လက်ခံသလား? အခြေခံ လုံးဝမရှိသူ တက်လို့ ရသလား?
expand_more

ရပါသည်။ GYS မှာ အခြေခံ လုံးဝမရှိသူများကိုပါ လက်ခံပါသည်။ အသက်အရွယ်မရွေး၊ နေရာမရွေး၊ မည်သည့် ကျောင်းပညာ အဆင့်မဆို Level 1 ကနေ စတင်တက်ရောက်နိုင်ပါသည်။ ဆရာ/ဆရာမများသည် အခြေခံကနေ နားလည်လွယ်အောင် ပြမြန်မာဘာသာဖြင့် ရှင်းပြပေးပါသည်။

Online class တက်ရင် Speaking တကယ်ကောင်းလာသလား? Practical skill ရသလား၊ Theory ချည်းပဲလား?
expand_more

GYS class များသည် Recorded video ပုံစံဖြစ်ပြီး မိမိအချိန်နှင့် လေ့လာနိုင်ပါသည်။ Speaking skill တိုးတက်ရန် Telegram Community Group မှတဆင့် ကျောင်းသားများချင်း ဆက်သွယ်လေ့ကျင့်နိုင်ပြီး ဆရာ/ဆရာမများနှင့် Weekly Online Meeting ကိုလည်း တက်ရောက်နိုင်ပါသည်။ ကျောင်းသားများ၏ အတွေ့အကြုံအရ class တက်ပြီးနောက် speaking ကို ပိုမိုရဲရဲဝံ့ဝံ့ ပြောဆိုနိုင်လာကြပါသည်။

GYS Certificate က အလုပ်ရှာတဲ့အခါ အသုံးဝင်သလား? Certificate ကို ဘယ်မှာ အသုံးပြုနိုင်သလဲ?
expand_more

GYS Certificate သည် ဘာသာစကား Level တစ်ခုပြီးမြောက်ကြောင်း အထောက်အထား ဖြစ်ပါသည်။ လုပ်ငန်းခွင်ဝင်ဖို့ CV တွင် ထည့်သွင်းနိုင်ပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား ကုမ္ပဏီများသို့ လျှောက်ရာတွင် ဘာသာစကားကျွမ်းကျင်မှု သက်သေအဖြစ် ပြနိုင်ပါသည်။ TOPIK၊ JLPT၊ HSK ကဲ့သို့ International exam များနှင့် ယှဉ်တွဲဖြေဆိုနိုင်ရေးကိုလည်း GYS class တွင် ပြင်ဆင်ပေးပါသည်။

Students Collaborating
Academy News

LATEST INSIGHTS
&
SUCCESS STORIES

နောင်လာမည့် အောင်မြင်မှုများအတွက် သင်ခန်းစာများနှင့် ဗဟုသုတများကို ရှာဖွေလေ့လာလိုက်ပါ။

ဆက်လက်ဖတ်ရှုရန် arrow_forward
support_agent
မေးချင်တာတွေ ထပ်ရှိသေးလား?

ပိတ်ရက်မရှိ မနက် 9 နာရီမှ ည 9 နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန် open_in_new
school
သင်တန်းတက်ရောက်ရန်

ဘာသာစကားသင်တန်းများကို ကြည့်ရှုပြီး ယနေ့မှ စတင်လေ့လာပါ။

သင်တန်းများ ကြည့်ရှုရန် arrow_forward